အမဲသားပြုတ်ကြော်၊ "ကကိန"ရွက်ကြော်၊ ခရမ်းချဉ်သီးငါးပိချက်၊ တို့စရာ သခွါးသီးနဲ့ မုန်လာဥနီ။
Tuesday, March 23, 2010
Tuesday, March 16, 2010
Friday, March 12, 2010
2010.03.12の愛妻弁

"တရ" (Gadidae) ငါးကြော်၊ ကိုယ်တိုင်လုပ်ထားတဲ့ Tartar sauce၊ မှို ကန်စွန်းရွက်ကြော်၊ မုန်လာဥနီနဲ့၊ ခရမ်းချဉ်သီး ပိစိကွေး။
Posted by မြရွက်ဝေ at 4:23 PM 3 comments
Labels: 愛妻弁
Thursday, March 11, 2010
2010.03.11の愛妻弁
ဂျင်းကြက်သားကြော်၊ ပဲပြားကြော်အပါးနဲ့ ကြက်သွန်ဖြူအမြိတ်ကြီး ခရုဆီကြော်၊ ခရမ်းချဉ်သီးပိစိကွေးနဲ့ သခွါးသီး။
Posted by မြရွက်ဝေ at 8:27 PM 0 comments
Labels: 愛妻弁
2010.03.10の愛妻弁
ဝက်သားလုံး (နဲနဲပြားအောင် ဖိထားတော့ ဝက်သားပြား)ကြော်၊ ဂျပန်စားစရာ "အိုဒဲန်း" (Oden) ပြုတ်ရည်နဲ့ ပြုတ်ထားတဲ့ မုန်လာဥ၊ ကြက်ဥပြုတ် နဲ့ ပဲပြား။ ပဲပြားပေါ်ကို ကြက်သွန်မြိတ်နဲ့ "ခါစွတ်အို့ဘူရှိ" (Katsuobushi) လို့ခေါ်တဲ့ ငါးအသားခြစ်ဖြူးပြီး ပဲငံပြာရည်အကျဲ နဲနဲလေးဆမ်းပေးလိုက်တယ်။
Posted by မြရွက်ဝေ at 8:26 PM 0 comments
Labels: 愛妻弁
Tuesday, March 9, 2010
2010.03.09の愛妻弁
အိမ်ကြီးရှင် ဗိုက်နာနေ၏။ သူ့လက်ချက်က ၉၀% ကိုယ့်လက်ချက်က ၁၀%ပါ။ သူဘာသာ အစားအသောက် သောင်းကျန်းပြီး အအိပ်မမှန်တာ၊ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်ဘာသာ ကြာဇံချက်ချက်ပြီး ရှောက်သီးသုပ်လေးစားချင်လို့ လီမွန်သီးကိုဘဲ ခပ်စပ်စပ်လေးသုပ်စားမိပါတယ်။ သူ့ကိုတော့ ကြက်သားကြော်နဲ့ ထမင်းကျွေးတာပါ။ အဲဒါကို အချဉ်သုပ်တွေ အများကြီးထည့်စားပြီး ဗိုက်နာတာ မပျောက်တာနဲ့ အင်တာနက်ထဲ အစာကြေလွယ်မယ့် ဟင်းချက်နည်းတွေရှာဖွေပြီး အဖြူထည်ဟင်းတွေ ကျွေးရတော့တယ်။
မနေ့ညက ဈေးသွားထားပြီးပေမယ့် သူစားဖို့ တည့်မတည့်မသိတာနဲ့ ဒီမနက် ထပ်သွားပြီးဝယ်လိုက်တယ်။ ဒီနေ့ထမင်းဘူးက ဂျပန်စတိုင်ဖြစ်သွားတယ် ပြောရမယ်။ အရွက်တွေ ဒီအတိုင်းပြုတ်ရင် အရသာမရှိမှာစိုးလို့ ဂျပန်ငါးဟင်းခပ်မှုန့်ကို ရေနဲနဲနဲ့တည်ပြီး ဂေါ်ဖီထုပ်ကို ပြုတ်၊ မနူးတနူးအချိန်မှာ ဘရိုကိုလီကို အငွေ့နဲ့ ပေါင်းသလိုဖြစ်အောင် ဂေါ်ဖီရွက်ပေါ် တင်ပြီး စက္ကန့်၃၀လောက် ထားလိုက်တယ်။ ဘရိုကိုလီက ရေနွေးနဲ့ ပြုတ်ရင် အထဲက ဗီတာမင်Cတွေထွက်ကုန်တာမို့ ပေါင်းတာကောင်းတယ်ဆိုတာမို့ပါ။ ပြီးတော့ ဂေါ်ဖီကို ရေစစ်ပြီး လိပ်၊ ဒါးနဲ့ ထက်ဝက်လှီးလိုက်တယ်။ ကျန်တဲ့ပြုတ်ရည်ထဲ ကြက်သားလုံးလေးတွေ ထည့်ပြုတ်လိုက်တယ်။ ထမင်းကိုတော့ ဂျပန်ထမင်းဆုပ်လုပ်တဲ့ furikake လေးဖြူးပေးလိုက်တယ်။
Posted by မြရွက်ဝေ at 8:06 PM 0 comments
Labels: 愛妻弁
2010.02.25の愛妻弁

အမဲသားအချိုပြုတ်၊ ကန်စွန်းရွက်ကြော်၊ ခရမ်းချဉ်သီးပိစိကွေးကို ကြက်သွန်နီညက်ညက်လှီးပြီး သံလွင်ဆီ ပျားရည် ရှာလကာရည် သံပုရာရည် ဆား ငရုတ်ကောင်းလေးနဲ့ သုပ်ထားတယ်။ ခရမ်းချဉ်သီးပိစိကွေးတွေ ပေါ်ဦးအချိန်မို့ထင်တယ် အမြဲချိုနေတယ်။
Posted by မြရွက်ဝေ at 7:35 PM 0 comments
Labels: 愛妻弁
2010.02.22の愛妻弁

အသားအရည်လှစေတယ်ဆိုလို့ တီဗီက ချက်နည်းအတိုင်း ကလိထားတဲ့ ကြက်သားအချိုကြော်ချက်၊ မှို မုန်လာဥနီ "နီလာ"ရွက် ရောကြော်၊ ခရမ်းချဉ်သီး ပိစိကွေး။
Posted by မြရွက်ဝေ at 6:43 PM 0 comments
Labels: 愛妻弁
2010.02.16の愛妻弁

ကြက်သားကြော်၊ ဂေါ်ဖီထုပ် ကြက်ဥကြော်၊ မုန်လာဥနီ နဲ့ မရမ်းသီးငါးပိထောင်း (ရုံးမှာ အနံ့ထွက်နေမှာစိုးပေမယ့် စားမယ်ဆိုလို့ ထည့်ပေးလိုက်တယ်။)
Posted by မြရွက်ဝေ at 6:40 PM 1 comments
Labels: 愛妻弁

























